မေလဦးပိုင်းမှာ ရခိုင်မှ ရိုဟင်ဂျာကိစ္စလေးတစွန်းတစကြားမိပါတယ်တကယ်လဲအံ့သြခဲ့ရတယ် ဒီနိုင်ငံသားဖြစ်ပြီးအသိနောက်ကျခဲ့လို့
နောက်ပြီးထပ်အံ့သြစရာက ရိုဟင်ဂျာနာမည်ကိုကြားတာသုံးရက်လောက်ပဲရှိသေးတယ်
မိန်းခလေးတယောက်သေလို့ ရိုဟင်ဂျာသုံးယောက်လုပ်တာတဲ့
အဲလိုကြားပြီးမှသိပ်မကြာဘူး လူစုလူဝေးနဲ့လူသတ်ပွဲလေးတခုဖြစ်ပွားတယ်
အဲလိုဖြစ်မှုနှစ်ခုဖြစ်ပြီးနောက် တဘက်နဲ့တဘက်အမြင်စောင်းလာတယ်
တိုက်ခိုက်မှုစတင်ဖို့ ပေါက်ကွဲလုနီးနီးမှာ မီးလေးနဲနဲလဲထပ်ရှို့လိုက်တယ်
ဗလီကျောင်းကလဲထွက်ကော စပြီး တိုက်ခိုက်မှုဖြစ်တာပဲ
ဘာကြောင့်အဲလိုပြုရသလဲ.........
ဘာလို့အဲလိုစတင်တိုက်ခိုက်ရသလဲ
သူတို့ဗလီကျောင်းထဲမှာဘာလို့အားလုံးစုဝေးနေရလဲ
အဖြေကိုပြန်ရှာကြည့်လိုက်လေ ဘယ်သူကသာနေလို့ ဘာလို့သာနေရတာလဲ
ဒီအဖြေကတော့ ၈၈မှီသောသူများနဲ့ အဒီနှောင်းပိုင်းလူတွေသိပါတယ်
မြန်မာတွေစုဝေးခွင့်ရှိခဲ့လား တယောက်နဲ့တယောက် ဖေးမဖို့လုပ်နိုင်ကြလို့လား
စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး စသောညံ့ဖျင်းမှုတွေနဲ့ ပိတ်ဆို့နေရတာလေ
တယောက်နဲ့တယောက်အသိဥာဏ်ပညာအတွေးအခေါ် မဖြန့်ဝေနိုင်ခဲ့ဖူး
တယောက်နဲ့တယောက်ရင်းနှီးခွင့်သိပ်မရှိကြဘူး တယောက်ကိုတယောက်မြန်မာလား
ဘာလားသိခွင့်နည်းပါးခဲ့တယ် နည်းနည်းလေးစုဝေးတာနဲ့ အရင်ကဘယ်လိုဖိနှိပ်ခဲ့လဲ
ဒီအကြောင်းတွေထပ်ပြောမယ်ဆိုရင် အစိုးရကဘာလို့ ကိုယ်နိုင်ငံသားတွေရဲ့အခွင့်
အရေးတွေဘာလို့ပိတ်ခဲ့တာလဲ ရခိုင်ပြည်အရေးမှာကောဘယ်သူကအဓိကလဲ
ပွဲပြီးနီးနီးဘယ်သူဖျာခင်းခဲ့လဲ လူတွေမသေသင့်ပါဘူး ဒါပင်မဲ့
စနစ်ကြောင့်သာလူတွေသေရတာ တယောက်နဲ့တယောက်နားလည်မှုမယူနိုင်ဘူး
ကြိုးစားခွင့်မရှိဘူး ချစ်ခင်ခွင့်မရှိဘူး ဒီလိုဖြစ်လာအောင်ဘယ်သူလုပ်ခဲ့လဲ
ခုမှတော့ နာမည်ကောင်းပေးဖို့မတောင်းပါနဲ့ သင်လုပ်ရက်တွေရဲ့တူသောအကျိုးပြန်လာမှာ
ပါ ရခိုင်အရေးမှာလဲ ဘယ်သူမှားတယ် ဘယ်ဘက်မှားတယ်မပြောလိုဘူး
ဘက်လဲမလိုက်နိုင်ဘူးေ သချာတာတော့ အုပ်ချူပ်တဲ့လူတွေရဲ့စနစ်မကောင်းခဲ့လို့
ဒီလိုဖြစ်ရတာ ဒီအတွက်နောင်တရမိတယ် မသေသင့်တဲ့သူတွေသေခဲ့ရတယ် မမှားသင့်တဲ့အမှားတွေမှားခဲ့ရတယ် ပြည်သူတွေဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူက နာမည်ကောင်းလိုချင်ရင်တော့ စာရွက်တွေ ဆုတံဆိပ်တွေရပင်မဲ့
မြန်မာတို့ရဲ့ရှေးထုံးအစဉ်အလာအရ
သင်ပြုသောကံ
သင့်ထံတဖန်ပြန်လည်လာလိမ့်မည်...................။
No comments:
Post a Comment